Wednesday, November 3, 2021

SSD တွေရဲ့ Storage Technology အကြောင်း

🛡🛡🛡⚙⚙🛡🛡🛡

🔥 SSD တွေရဲ့ Storage Technology အကြောင်းလေးသိသလောက် sharing လုပ်ပေးတာပါ SSD တွေဟာ data တွေကို သိမ်းတဲ့အခါမှာ HDD တွေလိုမျိုး moving parts တွေမပါဘဲ electronics chip တွေနဲ့ဘဲ သိမ်းကြပါတယ် လက်ရှိအသုံးပြုနေတဲ့ Nand Technology တွေကတော့

1. SLC 
2. MLC 
3. TLC 
4. QLC တို့ဖြစ်ပါတယ်

1. SLC (Single level cell) ဆိုတဲ့အတိုင်းဘဲ cell တခုမှာ data တစ်ခုဘဲ သိမ်းပါတယ် အဲလိုတခုဘဲ သိမ်းတာကြောင့် RW အကောင်းဆုံး သက်တန်းက လည်းအကြာဆုံးဖြစ်ပြီး စျေးအရမ်းကြီးတာကြောင့် consumer level တွေမှာ သိပ်မတွေ့ရဘဲ industry level သုံး ssd တွေမှာဘဲ တွေ့ရပါတယ်

2. MLC (Multi level cell)ဆိုတဲ့အတိုင်း cell တခုမှာ data နစ်ခုသိမ်းပါတယ် SLC လောက် သက်တန်းမခံပေမဲ့ consumer level တွေမှာဝယ်လို့ရနိုင်တာမို့ ssd ဝယ်ပြီး သက်တန်းကြာကြာသုံးခြင်ရင်တော့ MLC သုံး ssd တွေဝယ်ပါ MLC ဖြစ်လို့ capacity အများကြီးတဲ့ ssd တွေမရပါ 1T လောက်ထိသာရပါတယ်

3. TLC (Triple level cell) ဆိုတဲ့အတိုင်း cell တစ်ခုမှာ data သုံးခုသိမ်းပါတယ် MLC သုံး SSD ဝယ်မရမှာသာ စဥ်းစားသင့်ပြီး သက်တန်းလည်းတိုပါတယ် TLC သုံး SSD တွေကတော့ 2TB အထိရနိုင်ပါတယ်

4. QLC (Quad Level Cell) ဖြစ်လို့ cell တခုမှာ data ၄ခု သိမ်းပါတယ် အဲလိုသိမ်းတဲ့အတွက် Read speed မှာ MLC  TLC တွေနဲ့ သိပ်မကွာပေမဲ့ Write speed မှာ သိသိသာသာနေးပါတယ် သက်တန်းလည်း အတိုဆုံးပါ

Nand Technology တွေပြီးရင် နောက်ထပ်အရေးကြီးတာကတော့ Dram ပါမပါ ပါ Dram ဆိုတာ SSD ရဲ့ ကိုယ်ပိုင် Ram ကိုပြောတာပါ မြင်သာအောင် ဥပမာပေးရရင် 
SSD ရဲ့ GB တွေ 120GB, 240GB, 480GB............  ဆိုတာ ကျန်တော်တို့ လွယ်ထားတဲ့ ကျောပိုးအိတ်တလုံးနဲ့တူတယ် Dram တွေကတော့ ဘောင်းဘီ အိတ်ကပ်တွေနဲ့တူတယ်ကျန်တော်တို့က တခုခုလိုလို့ ရှာရင် Dram မပါတဲ့ SSD တွေက အမြဲတမ်းကျောပိုးအိတ်ကို ဖွင့်ရှာနေရတာနဲ့တူတယ် Dram ပါတဲ့ SSD တွေကတော့ ကျောပိုးအိတ်ထဲက ဖိုင်တွေကို ဘောင်းဘီအိတ်ထဲမှာ ခနထည့်ထားတာနဲ့တူတယ် အဲ့တော့ တခုခုလိုအပ်တာနဲ့ ဘောင်းဘီအိတ်ထဲကနေ အလွယ်ထုတ်ပေးသလိုဘဲပေါ့ အဲ့တော့ Dram ပါတဲ့ SSD တွေဟာ Dram မပါတဲ့ SSD တွေထက် သက်တန်းပိုကြာတဲ့အပြင် performance လည်းပိုကောင်းပါတယ်

ကျန်တော်တို့က အဲလိုလဲ မစစ်တတ်ဘူး ဒီအတိုင်းဘဲ ဝယ်လို့ရတဲ့ နည်းဘဲပြောပါဆိုရင် အခုပြောတဲ့ တံဆိပ်တွေထဲကဘဲဝယ်ပါ

1. Samsung 
SSD လောကရဲ့ No.1 ဖြစ်ပြီး review တွေရော rating တွေအရပါအကောင်းဆုံး SSD ပါ ပိုက်ဆံတတ်နိုင်ရင် samsung ဝယ်ပါ
2. WD 
Samsung ကို စျေးကြီးလို့ မတတ်နိုင်သူတွေအတွက်ပါ samsung နီးပါးကောင်းပြီး စျေးလည်းသက်သာပါတယ် (Green ကိုရှောင်ပြီး Blue လောက်ကစဝယ်ပါ)
3. Kingston
Budget SSD တွေမှာ စျေးသင့်ပြီး feedback ကောင်းပါတယ် (A series တွေကို ရှောင်ပြီး KC series လောက်ကစဝယ်ပါ)
4. Seagate
5. Crucial (BX series တွေကို ရှောင်ပါ)
6. Transcend (Model number နောက်မှာ Q ပါတဲ့ series တွေကို ရှောင်ပါ)

တချို့တံဆိပ်တွေက ဒီမှာလူသိပ်မသိပေမဲ့ Global မှာ အရမ်းသုံးကြတာမို့ SSD ဝယ်မဲ့သူတွေအနေနဲ့ ဦးစားပေးစဥ်းစားလို့ရအောင် sharing လုပ်ပေးလိုက်ပါတယ်

Source - Sat Maw Aung. 🙏

Tuesday, November 2, 2021

🔥 Megabit(Mb) Vs Megabyte(MB)🔥တို့ရဲ့ကွာခြားချက်

🔥 Megabit(Mb) Vs Megabyte(MB)🔥

Megabit နဲ့ Megabyte တို့ရဲ့ ကွာခြားချက်ကို သိတဲ့သူများရှိသလို မသိတဲ့သူ များလည်းရှိနေကြပါတယ်။ ဒီ article လေးမှာ သူတို့ နှစ်ခုရဲ့ ကွာခြားချက်ကို အတတ်နိုင်ဆုံးရှင်းပြသွားမှာပါ။
Megabit နဲ့ Megabyte တို့က တူသရောင်ရောင်ရှိ ကြပါတယ်။ နောက်ပြီးတော့ သူတို့ရဲ့ အတိုကောက်တွေကလည်း ခပ်ဆင်ဆင်ပါပဲ။ သူတို့နှစ်မျိုးက လက်တွေ့မှာ တူသလားဆိုရင်တော့ မတူညီပါဘူး။ ဘယ်လို မတူညီသဲဆိုတော့ တစ်မျိုးက data speed ကိုတိုင်းတာတဲ့ နေရာမှာ အသုံးပြုပြီးတော့ ကျန်တစ်မျိုးကိုတော့ storage တွေပေါ်မှာ နေရာယူထားတဲ့ data ပမာဏကို တိုင်းတာတဲ့ နေရာမှာ အသုံးပြုတာဖြစ်ပါတယ်။

Megabit နဲ့ Megabyte ဆိုတာဘာလဲ?
==========
Bit ဆိုတာဘာလဲ ဆိုတာကနေ စတင်ပြီးတော့ သွားပါ့မယ်။ Bit တစ်လုံးက binary digit တစ်လုံးဖြစ်ပါတယ်။ Binary system ကိန်းဂဏန်းတွေ မှာက 0 နဲ့ 1 ပဲရှိပါတယ်။ ကွန်ပျူတာတွေက binary system ကို သုံးတာဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဥ် သုံးနေတဲ့ system ဟာဆိုရင်တော့ decimal system ဖြစ်ပြီးတော့ သူ့မှာ ကိန်းဂဏန်းတွေ 0 မှ 9 အထိပါ၀င် ဖွဲ့စည်းထားပါတယ်။ 8 bits ကို 1 byte ရှိပါတယ်။ Megabit တစ်လုံးမှာ bit ပေါင်း ၁သန်း ပါ၀င်ပါတယ်။ Mega ဆိုတာ 10^6 ဖြစ်လို့ 1, 000, 000 ဖြစ်ပါတယ်။ ဒါကြောင့် 8 megabit မှာ 1 megabyte ရှိပါတယ်။ 1 Gibabyte (GB) မှာ အကြမ်းအားဖြင့် 1000 Megabytes(MB) ရှိပါတယ်။ 1 Terabyte(TB) မှာ အကြမ်းအားဖြင့် 1000 GB ရှိပါတယ်။

Megabit(Mb) နဲ့ Megabyte(MB) တစ်ခုနဲ့တစ်ခု ဘယ်လို ပြောင်းမလဲ
==========
အပေါ်မှာ ပြောခဲ့သလိုပဲ 8 bits ကို 1 byte ရှိပါတယ်။ အဲ့ဒီအတွက် 8 megabit (Mb) ကို 1 megabyte (MB) ရှိပါတယ်။ ၈ နဲ့ အမြှောက်အစား ပြုလုပ်ခြင်းဖြင့် အပြန်အလှန်ပြောင်းလဲနိုင်ပါတယ်။ ဥပမာ - 3 MB မှာ 3 * 8 = 24 Mb ရှိပါတယ်။ အဲ့ဒီ 16 Mb ကို Megabyte (MB) ပြောင်းချင်လို့ 8 နဲ့ ပြန်စားလိုက်တော့ 2MB ပြန်ရပါတယ်။

ကျွန်တော်တို့တွေသုံးနေတဲ့ Megabit နဲ့ Megabyte
===========
ကျွန်တော်တို့ ဖုန်းဒေတာတွေ၀ယ်ရင် 600MB, 800MB, 1GB, 2GB အစရှိသဖြင့် ၀ယျကွပါတယျ။ အဲ့ဒီမှာ သုံးထားတာကတော့ Megabyte, Gigabyte စနစ်ဖြစ်ပါတယ်။ ဒီဒေတာ pack တွေကို Megabit ပြန်ပြောင်းရင် ကိန်းဂဏန်းတွေတော်တော် များသွားပါမယ်။
နောက်တစ်ခုက ISP (Internet Service Provider)  အင်တာနက်ကုမ္ပဏီတွေ သူတို့ရောင်းတဲ့ အင်တာနက် လိုင်းရဲ့ မြန်နှုန်းကို ကြေညာတဲ့အခါမှာ သုံးတာတဲ့ အတိုင်းအတာ ယူနစ်ကတော့ megabit ဖြစ်ပါတယ်။ ဥပမာ - 1Mbps (1 megabit per second)၊ သူ့ရဲ့ မြန်နှုန်းက တစ်စက္ကန့်ကို 1 megabit ရှိပြီးတော့ megabyte အနေနဲ့ဆိုရင် 0.125 megabyte ရှိပါတယ်။ အဲ့ဒီအတွက်ကြောင့် 1 MB ရှိတဲ့ ဖိုင်တစ်ခုခုကို download ပြုလုပ်မယ်ဆိုရင်တော့ 8 က္ကန့်ကြာမြင့်မှာဖြစ်ပါတယ်။ ဒါဆိုရင် တစ်စက္ကန့်ကို 1 MB ရတဲ့မြန်နှုန်းကဘာဖြစ်သလဲ ဆိုရင် 8mbps နှုန်းနဲ့ သွားတဲ့ လိုင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အပေါ်မှာ ရေးထားတဲ့အတိုင်း 8 megabit မှာ 1 megabyte ရှိလို့ဖြစ်ပါတယ်။ သီဝရီအရပြောရရင် 8Mbps အပြည့်အ၀ရရှိတဲ့ လိုင်းနဲ့သာ 1GB ရှိတဲ့ ဖိုင်တစ်ခုကို download ပြုလုပ်မယ်ဆိုရင်တော့၊ 1GB မှာ အကြမ်းအားဖြင့် megabyte 1000 ရှိလို့၊ စက္ကန့် ၁၀၀၀ သာကြာမြင့်မှာဖြစ်ပါတယ်။ လိုင်းမြန်နှုန်းတွေကတော့ အစားစားရှိကြပါတယ်။
ဒီလိုဆိုရင် ကျွန်တော်တို့တွေ့နေရတဲ့ megabit နဲ့ megabyte တို့ရဲ့ ကွာခြားချက်များတို့ကို အနည်းနဲ့အများသိရှိသွားပြီလို့ ယူဆမိပါတယ်။ အမှားလေးတွေပါသွားရင် ပြောပြပေးပါ။ ရေးဖို့ ကျန်သွားတာတွေရှိရင်လည်း ပြောပြပေးပါ။ ဖတ်ကြည့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Ref: makeuseof, wikipedia

SSD တွေရဲ့ Storage Technology အကြောင်း

🛡🛡🛡⚙⚙🛡🛡🛡 🔥 SSD တွေရဲ့ Storage Technology အကြောင်းလေးသိသလောက် sharing လုပ်ပေးတာပါ SSD တွေဟာ data တွေကို သိမ်းတဲ့အခါမှာ HDD တွေလိုမျိုး...